International News

(၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ Promotion Conference ကို ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ ကျင်းပ

Last Updated:

(၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ Promotion Conference ကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးချုုပ်ရုံးတို့မှ ဦးဆောင် ၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့၊ နေ့လည် ၃ နာရီအချိန်တွင် ရန်ကုန်မြို့၊ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

Promotion Conference သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၊ စီးပွားရေးသံမှူး Mr. Ouyang Daobing၊ တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးချုပ် Dr.Wei Zhaohui၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ နော်မူတာကပေါ နှင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ စုစုပေါင်း ၈၀ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ Promotion Conference တွင် အစီအစဉ်အရ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စီးပွားရေးသံမှူး Mr. Ouyang Daobing၊ တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တရုတ်- အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးချုပ်မှ Power Point ဖြင့် ဆွေးနွေးခြင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးမှ 21st CAEXPO တွင် မြန်မာလုပ်ငန်းရှင် များ ဆောင်ရွက်ရမည် Procedure များ ဆွေးနွေးခြင်း နှင့် တက်ရောက်လာကြသည့် ကုန်သည်လုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

(၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ကိုယ်စားပြု City of Charm ပြခန်းဆောင် ၁ ခု နှင့် ကုန်စည်ပြခန်း ၈၀ ခန်းတွင် မြန်မာ့ထုတ်ကုန်များဖြစ်သည့် လယ်ယာထွက်ကုန်များ၊ ရေထွက်ကုန်များ၊ သစ်သီးဝလံများ၊ ကျောက်မျက်ရတနာများနှင့် လက်မှုအနုပညာပစ္စည်းများ ပါဝင်ပြရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

Myantrade(TD)

Category: International News